Zawgyi ဖြင့်ဖတ်ရန်
Credit : momolay
Unicode ဖြင့်ဖတ်ရန်
အရပ်ရှည်အောင်လို့ ရေသွားကူးတဲ့ ဖြူဖြူထွေး
လက်တလောမှာတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့ ဝေဖန်မှုတွေကိုပါ ရရှိနေတဲ့ ဖြူဖြူထွေးဟာ သူမရဲ့အကကျွမ်းကျင်မှုတွေကြောင့် လူသိများလာတာပါ။ အနုပညာပါရမီပါတဲ့ ဖြူဖြူထွေးကတော့ အကတွေကိုရော သရုပ်ဆောင်ပညာကိုပါ သင်စရာမလိုပဲတတ်နေသူတစ်ယောက်ပါ။တီးလုံးသံကြားရင်မနေနိူင်ပဲ ကတတ်တဲ့တာကြောင့် သူမရဲ့အနုပညာပိုးကတော့ မသေးလှပါဘူးနော်။
ဒါတင်မကသေးပါဘူး မိဘတွေနဲ့အဝေးမှာနေရတဲ့ နယ်သူတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးကတော့ အခက်အခဲတွေကြားထဲမှ ဘဝကိုရုန်းကန်နေရသူတစ်ဦးပါ။ ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့မျက်နှာလေး နဲ့ဖြူဖြူထွေးကို ချစ်ကြတဲ့ပရိသတ်ကြီး အတွက် သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြူဖြူထွေးကတော့ သူမရဲ့ရိုးသားစွာရှာဖွေထားတဲ့ အနုပညာလုပ်အားခတွေကို မိဘကိုအကုန်ပြန်အပ်တာကြောင့် ပိုက်ဆံပြတ်သွားတိုင်း အလုပ်တွေပေါ်ပေါ် လာလေ့ရှိပါတယ်တဲ့ ။သူမကတော့ တစ်ခါတစ်ခါ သူ့ကိုဆဲကြတာတွေအတွက်လဲ ပျော်မယ်ဆိုရင်လုပ်ကြပါလို့ ရင်ဖွင့်ထားပြီး သူမရဲ့မိဘတွေကိုတော့ သိသွားမှာစိုးရိမ်နေပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ပွင့်လင်းစွာနေတတ်လွန်းတဲ့ သူမကိုတော့ ချစ်တဲ့သူတွေရော၊ မုန်းတဲ့သူတွေ ပါရှိနေတာပဲဖြစ်ပါတယ် ။ မိုမိုလေးချစ်ပရိသတ်ကြီးလည်း ချစ်သူခင်သူတွေပေါများကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်နော်။
Credit : momolay