Zawgyi ျဖင့္ဖတ္ရန္

ျမန္မာျပည္သိန္းတန္ ရဲ့ ဇနီးျဖစ္သူ ေဒါက္တာ ႏုႏၵာသန္း ကေတာ့ သူတို႔ကို အားေပးၾကတဲ့ ပရိတ္သတ္ေတြထဲမွာ ကေလးပရိတ္သတ္ေတြက ပိုမ်ားလာတယ္လို႔ မီဒီယာ မွာ ေျပာလာပါတယ္။ ပရိတ္သတ္ ေတြရဲ့ အထူးစိတ္ဝင္စားမႈကိုခံနဲ႔ရတဲ့ သူတို႔စံုတဲြက ဖက္ရွင္အ ထူးအဆန္းေတြ ဝတ္ေလ့ရွိၿပီး ပဲြမ်ားစြာတက္ေနတာေၾကာင့္ မီဒီယာ ေတြနဲ႔လည္း ေတြ႔ဆံုေလ့ရွိပါတယ္။

မေန႔ (ဇန္နဝါရီလ ၁၂ ရက္) ျမန္မာအိုင္ေဒါ သတင္းစာ ရွင္လင္းပဲြ အၿပီးမွာေတာ့ ကေလး ပရိတ္သတ္ ေတြ ပိုမ်ားလာတဲ့အေၾကာင္း ဇနီျဖစ္သူက ေျပာလာပါတယ္။

ေဒါက္တာ နုနႏၵာသန္း က ေပၚျပဴလာဂ်ာနယ္နဲ႔ အင္တာဗ်ဴး တစ္ခုမွာ “အားေပးေနတဲ့ ပရိတ္သတ္ ေတြက ခုပိုပိုမ်ားလာတယ္။ ခုလမ္းမွာေတြ႔ရင္ ကားေပၚမွာလည္း ကေလးေတြက ဆယ္ႏွစ္ေတြေရာ၊ ကိုးႏွစ္ေတြေရာ အန္ကယ္ႏိုး၊ အန္ကယ္ ကေတာ့ ႏိုးပါနဲ႔ မီးပိြဳင္မွာ့ ရပ္ရင္၊ ဆက္လက္လည္း အားေပးပါ ေက်းဇူးရွင္မိဘေတြ ျဖစ္ပါတယ္ လို႔” ဆိုၿပီး ေျပာလာတာ ေတြ႔ရပါတယ္။

ေဒါက္တာ တစ္ေယာက္ျဖစ္တဲ့ ေဒၚႏုႏၵာသန္းက၊ မႏၲေလးမွာ ေဆးေက်ာင္းတက္တည္းက ဦးသိန္းတန္ကို သိခဲ့တာလို႔ ဆိုပါတယ္။ အေမရိကမွာ ဦးသိန္းေဖ်ာ္ေျဖပဲြေတြလာရင္းနဲ႔ ပိုပိုရင္းနီးလာၿပီး ခုလို လက္တဲြခဲ့ၾကတာလို႔လည္း ေျပာပါတယ္။

crd-pannpwint

 

Unicode ဖြင့်ဖတ်ရန်

မြန်မာပြည်သိန်းတန်ရဲ့ ဇနီးဖြစ်သူ ဒေါက်တာ နုန္ဒာသန်းကတော့ သူတို့ကို အားပေးကြတဲ့ ပရိတ်သတ်တွေထဲမှာ ကလေးပရိတ်သတ်တွေက ပိုများလာတယ်လို့ မီဒီယာမှာ ပြောလာပါတယ်။

ပရိတ်သတ်တွေရဲ့ အထူးစိတ်ဝင်စားမှုကိုခံနဲ့ရတဲ့ သူတို့စုံတွဲက ဖက်ရှင်အထူးအဆန်းတွေ ဝတ်လေ့ရှိပြီး ပွဲများစွာတက်နေတာကြောင့် မီဒီယာတွေနဲ့လည်း တွေ့ဆုံလေ့ရှိပါတယ်။ မနေ့ (ဇန်နဝါရီလ ၁၂ ရက်) မြန်မာအိုင်ဒေါသတင်းစာရှင်လင်းပွဲအပြီးမှာတော့ ကလေးပရိတ်သတ်တွေ ပိုများလာတဲ့အကြောင်း ဇနီဖြစ်သူက ပြောလာပါတယ်။

ဒေါက်တာနုနန္ဒာသန်းက ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးတစ်ခုမှာ “အားပေးနေတဲ့ ပရိတ်သတ်တွေက ခုပိုပိုများလာတယ်။ ခုလမ်းမှာတွေ့ရင် ကားပေါ်မှာလည်း ကလေးတွေက ဆယ်နှစ်တွေရော၊ ကိုးနှစ်တွေရော အန်ကယ်နိုး၊ အန်ကယ်ကတော့ နိုးပါနဲ့ မီးပွိုင်မှာ့ ရပ်ရင်၊ ဆက်လက်လည်း အားပေးပါ ကျေးဇူးရှင်မိဘတွေ ဖြစ်ပါတယ် လို့” ဆိုပြီး ပြောလာတာ တွေ့ရပါတယ်။

ဒေါက်တာတစ်ယောက်ဖြစ်တဲ့ ဒေါ်နုန္ဒာသန်းက၊ မန္တလေးမှာ ဆေးကျောင်းတက်တည်းက ဦးသိန်းတန်ကို သိခဲ့တာလို့ ဆိုပါတယ်။ အမေရိကမှာ ဦးသိန်းဖျော်ဖြေပွဲတွေလာရင်းနဲ့ ပိုပိုရင်းနီးလာပြီး ခုလို လက်တွဲခဲ့ကြတာလို့လည်း ပြောပါတယ်။

crd-pannpwint