Zawgyiဖြင့်ဖတ်ရန်

 





Credit:ballpwal

 

Unicodeဖြင့်ဖတ်ရန်

 

ဘောလုံးမင်းသားဒေးဗစ်ဘက်ခမ်း အနားယူသွားသည့်တိုင် တစ်ရက်ဝင်ငွေ ပေါင်40000ရရှိနေ

 

အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းသည် ၂၀၁၃ခုနှစ်တည်းက ဘောလုံးလောကမှအနားယူသွားပြီဖြစ်သော်လည်း ကြော်ငြာလုပ်ငန်းများပုံရိပ်အသုံးပြုမှုများမှရရှိသည့် ဝင်ငွေမှာ တစ်ရက်လျှင် ပေါင်၄၀၀၀၀ခန့်ရရှိနေကြောင်းသိရသည်။

ဘက်ခမ်းသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ကြော်ငြာလုပ်ငန်းများမှနေ၍ ပြီးခဲ့သည့်၂နှစ်အတွင်း ပေါင်၂၉သန်းခန့်ရရှိခဲ့သည်။

ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်သည့် DB Venturesကုမ္ပဏီသည် ၂၀၁၇ခုနှစ်အတွင်းဝင်ငွေပေါင် ၁၈.၇၅သန်းရှိခဲ့သလို ၂၀၁၆ခုနှစ်၌ ၁၀.၂သန်းရရှိခဲ့သောကြောင်း ၂နှစ်အတွင်း ပေါင်၂၉သန်းခန့်ရရှိခဲ့ဖွယ်ရှိကြောင်း The Sunသတင်းစာကဖော်ပြခဲ့သည်။

ထို့ကြောင့် ဘက်ခမ်းတစ်ရက်ရရှိနေသည့်ပျှမ်းမျှဝင်ငွေကိုတွက်ချက်လျှင် ပရီးမီးယားလိဂ်ထိပ်တန်းကစားသမားများ၏ ဝင်ငွေနှင့်တန်းတူနီးပါးရှိနေသည်။

Credit:ballpwal