Zawgyi ျဖင့္ဖတ္ရန္

ကုိရီးယား မွာ ေမာင့္ဒုကၡ ပန္းျခံ ရွိတယ္ လုိ႔ ေျပာလိုက္ရင္ အားလုံးက အံ့အားသင့္သြားၾကမယ္ ထင္ပါတယ္။ တကယ္ပါပဲ ကုိရီးယားမွာ ရွိေနတဲ့ ပန္းျခံ  Penis Park လုိ႔ ေခၚပါတယ္။ အဲဒါကုိ အဆင္ေျပေအာင္ ဘာသာျပန္လုိက္တာပါ။

 

ေတာင္ကုိရီးယား ႏုိင္ငံရဲ႕ Samcheok ျမိဳ႔ရဲ႕ ေတာင္ဘက္ ကုိ မိနစ္၄၀ ေလာက္ သြားလုိက္ရင္ အဲဒီေနရာကုိ ေရာက္ပါတယ္။ သူ႔ရဲ႕ မူရင္း အမည္ကေတာ့ Haeshindang Park ကုိ ေခၚဆုိတာ ျဖစ္ပါတယ္။

ပန္းျခံထဲမွာ ရွိတဲ့ ေမာင့္ ဒုကၡ အရုပ္ႀကီး ေတြဟာ ပန္းျခံတ စ္ခု လုံး အျပည့္ ရွိပါတယ္။ အရုပ္တစ္ခု ခ်င္း စီဟာ ၃ မီတာ ( ၁၀ ေပ ) အလ်ားရွိၿပီး အကုန္လုံးကုိ သစ္သားေတြနဲ႔ ထြင္းထုထားတဲ့ ပန္းပု လက္ရာ ေတြ အျဖစ္ ျမင္ေတြ႔ႏုိင္မွာ ျဖစ္ပါတယ္။

ပန္းျခံ ေတြတုိင္းမွာ ရွိတတ္တဲ့ အမွတ္တရ ရုပ္တုေတြလုိ တည္ရွိေနတဲ့ ဒီ အရုပ္ ေတြမွာ ရယ္ေမာေနတဲ့ ဟန္ပန္၊ သရဲဟန္ပန္ စသျဖင့္ ထြင္းထုထားေပမယ့္ မူရင္းကေတာ့ ဟာသ ေျမာက္ဖုိ႔ ရည္ရြယ္တာ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။

 

ဒ႑ာရီ တစ္ခု အရ ေတာ့ အဲဒီ အရုပ္ ေတြ ဟာ ပန္းျခံ တည္ရွိတဲ့ ေနာက္က ေရကန္ အတြင္း မွာ အသက္ေသဆုံးခဲ့ရတဲ့ အမ်ဳိးသမီးတစ္ေယာက္အတြက္ ရည္ရြယ္ ခဲ့တာ လုိ႔ ဆုိပါတယ္။ အဲဒီ အမ်ဳိးသမီး ဟာ မုန္တုိင္း တုိက္ခတ္စဥ္မွာ ေရကန္အတြင္းမွာ ေသဆုံး ခဲ့ရတာ ျဖစ္ပါတယ္။

အမ်ဳိးသမီး နဲ႔ လက္ထပ္ဖုိ႔ ရည္စူးထားတဲ့ အမ်ဳိးသား ဟာ အလုပ္သြားလုပ္တဲ့ တစ္ရက္မွာ အမ်ဳိးသမီး ဟာ ညေနေစာင္းမွာ အမ်ဳိးသားကုိ ႀကိဳဆုိဖုိ႔ ေက်ာက္တုံးတစ္ခု ေပၚမွာ ထုိင္ေစာင့္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ ႀကီးမားတဲ့ မုန္တုိင္းတစ္ခု တုိက္ခတ္ခဲ့ၿပီး အမ်ဳိးသား ဟာ အိမ္မျပန္ႏုိင္ျဖစ္ခဲ့ၿပီး မုန္တုိင္းထဲမွာပဲ ဆုံးပါးခဲ့ရပါတယ္။ ေနာက္ေတာ့ အမ်ဳိးသားဟာ ငါး ဘ၀ ေရာက္သြားၿပီး အမ်ဳိးသမီးဆီကုိ ျပန္လာႏုိင္ခဲ့တယ္ လုိ႔ ေဒသခံေတြက ဆုိၾကပါတယ္။

ကမာၻေပၚမွာ ေမာင့္ဒုကၡ အေၾကာင္း ထြင္းထုထားတဲ့ အရုပ္ ေတြ တစ္စုတေ၀းတည္း ရွိတဲ့ ေနရာအျဖစ္ လူသိမ်ားၿပီး အရုပ္ေတြတုိင္းမွာလည္း ေျပာင္ေျမာက္တဲ့ ပန္းပု လက္ရာေတြ ပါရွိၿပီး လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ က အရုပ္ေပါင္း ၂၈၀ ရုပ္ေက်ာ္ ရွိခဲ့ေပမယ့္ တစ္ခ်ဳိ႔ကုိေတာ့ ကုိရီးယား အမ်ဳိးသား ယဥ္ေက်းမႈ ျပတုိက္ ကုိ သယ္ေဆာင္သြားျခင္း ခံခဲ့ရပါတယ္။

အနယ္နယ္အရပ္ရပ္က ကမာၻလွည့္ခရီးသြားေတြ က ႏွစ္စဥ္ႏွစ္တုိင္း လာေရာက္ ေလ့လာၾကေပမယ့္ အေျဖမရွိေသးတဲ့ ပုစာၦကေတာ့ အဲဒီ ရုပ္တု ေတြကုိ ထြင္းထုသူ ပန္းပု ဆရာ နဲ႔ သူ႔အဖဲြ႔ကို ဘယ္သူ မွ မသိၾကတာပဲ ျဖစ္ပါတယ္

Credit : cantwait2say

 

Unicode ဖြင့်ဖတ်ရန်

ကိုရီးယားကျွန်း ရဲ့ မောင့်ဒုက္ခပန်းခြံ

ကိုရီးယားမှာ မောင့်ဒုက္ခ ပန်းခြံ ရှိတယ် လို့ ပြောလိုက်ရင် အားလုံးက အံ့အားသင့်သွားကြမယ် ထင်ပါတယ်။ တကယ်ပါပဲ ကိုရီးယားမှာ ရှိနေတဲ့ ပန်းခြံကို Penis Park လို့ ခေါ်ပါတယ်။ အဲဒါကို အဆင်ပြေအောင် ဘာသာပြန်လိုက်တာပါ။

 

တောင်ကိုရီးယား နိုင်ငံရဲ့ Samcheok မြို့ရဲ့ တောင်ဘက် ကို မိနစ်၄၀ လောက် သွားလိုက်ရင် အဲဒီနေရာကို ရောက်ပါတယ်။ သူ့ရဲ့ မူရင်း အမည်ကတော့ Haeshindang Park ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

 

ပန်းခြံထဲမှာ ရှိတဲ့ မောင့်ဒုက္ခ အရုပ်ကြီးတွေဟာ ပန်းခြံတစ်ခု လုံး အပြည့် ရှိပါတယ်။ အရုပ်တစ်ခု ချင်း စီဟာ ၃ မီတာ ( ၁၀ ပေ ) အလျားရှိပြီး အကုန်လုံးကို သစ်သားတွေနဲ့ ထွင်းထုထားတဲ့ ပန်းပုလက်ရာတွေ အဖြစ် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

ပန်းခြံတွေတိုင်းမှာ ရှိတတ်တဲ့ အမှတ်တရ ရုပ်တုတွေလို တည်ရှိနေတဲ့ ဒီ အရုပ်တွေမှာ ရယ်မောနေတဲ့ ဟန်ပန်၊ သရဲဟန်ပန် စသဖြင့် ထွင်းထုထားပေမယ့် မူရင်းကတော့ ဟာသမြောက်ဖို့ ရည်ရွယ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

ဒဏ္ဍာရီ တစ်ခု အရ တော့ အဲဒီ အရုပ်တွေ ဟာ ပန်းခြံ တည်ရှိတဲ့ နောက်က ရေကန်အတွင်း မှာ အသက်သေဆုံးခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အတွက် ရည်ရွယ်ခဲ့တာ လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီး ဟာ မုန်တိုင်း တိုက်ခတ်စဉ်မှာ ရေကန်အတွင်းမှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

 

အမျိုးသမီး နဲ့ လက်ထပ်ဖို့ ရည်စူးထားတဲ့ အမျိုးသား ဟာ အလုပ်သွားလုပ်တဲ့ တစ်ရက်မှာ အမျိုးသမီး ဟာ ညနေစောင်းမှာ အမျိုးသားကို ကြိုဆိုဖို့ ကျောက်တုံးတစ်ခု ပေါ်မှာ ထိုင်စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကြီးမားတဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီး အမျိုးသား ဟာ အိမ်မပြန်နိုင်ဖြစ်ခဲ့ပြီး မုန်တိုင်းထဲမှာပဲ ဆုံးပါးခဲ့ရပါတယ်။ နောက်တော့ အမျိုးသားဟာ ငါး ဘ၀ ရောက်သွားပြီး အမျိုးသမီးဆီကို ပြန်လာနိုင်ခဲ့တယ် လို့ ဒေသခံတွေက ဆိုကြပါတယ်။

 

ကမ္ဘာပေါ်မှာ မောင့်ဒုက္ခ အကြောင်း ထွင်းထုထားတဲ့ အရုပ်တွေ တစ်စုတဝေးတည်း ရှိတဲ့ နေရာအဖြစ် လူသိများပြီး အရုပ်တွေတိုင်းမှာလည်း ပြောင်မြောက်တဲ့ ပန်းပုလက်ရာတွေ ပါရှိပြီး လွန်ခဲ့တဲ့ နှစ် ၁၀၀ က အရုပ်ပေါင်း ၂၈၀ ရုပ်ကျော် ရှိခဲ့ပေမယ့် တစ်ချို့ကိုတော့ ကိုရီးယား အမျိုးသား ယဉ်ကျေးမှု ပြတိုက် ကို သယ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

 

အနယ်နယ်အရပ်ရပ်က ကမ္ဘာလှည့်ခရီးသွားတွေ က နှစ်စဉ်နှစ်တိုင်း လာရောက် လေ့လာကြပေမယ့် အဖြေမရှိသေးတဲ့ ပုစ္ဆာကတော့ အဲဒီ ရုပ်တုတွေကို ထွင်းထုသူ ပန်းပု ဆရာ နဲ့ သူ့အဖွဲ့ကို ဘယ်သူ မှ မသိကြတာပဲ ဖြစ်ပါတယ်

Credit : cantwait2say