Zawgyi ဖြင့်ဖတ်ရန်
#ကွာခြားချက် (၁)
#ကွာခြားချက် (၂)
#ကွာခြားချက် (၃)
– စီးပွားရေး သမားတွေဟာ လင်းယုန်ငှက်တွေ အမြင့်မှာ ပျံသန်းပြီး အစာရှာသလို အပေါ်စီးကနေ အခွင့်အလမ်းကို ရှာနေကြတယ်။
#ကွာခြားချက် (၄)
#ကွာခြားချက် (၅)
#ကွာခြားချက် (၆)
#ကွာခြားချက် (၇)
# ကွာခြားချက် (၈)
# ကွာခြားချက် (၉)
# ကွာခြားချက် (၁၀)
Unicode ဖြင့်ဖတ်ရန်
#စီးပွားရေးသမားနဲ့ ဝန်ထမ်း ကွာခြားချက်များ
သူတို့ရဲ့ အောက်ပါကွာခြားချက်တွေကို သတိထားမိပါရဲ့လား။
#ကွာခြားချက် (၁)
– စီးပွားရေးသမားတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချလို့ စွန့်စားကြတယ်။
– ဝန်ထမ်းတွေကတော့ ကြောက်ရွံ့စိုးရိမ်မှုကြောင့် မစွန့်စားကြဘူး။
#ကွာခြားချက် (၂)
– စီးပွားရေးသမားတွေဟာ အနာဂတ်ကို ရှုမြင်တတ်ကြတယ်။
– ဝန်ထမ်းတွေဟာ အတိတ်ကာလကနေ ရုန်းမထွက်နိုင်ကြဘူး။
#ကွာခြားချက် (၃)
– စီးပွားရေးသမားတွေဟာ လင်းယုန်ငှက်တွေ အမြင့်မှာ ပံျသန်းပြီး အစာရှာသလို အပေါ်စီးကနေ အခွင့်အလမ်းကို ရှာနေကြတယ်။
– ဝန်ထမ်းတွေဟာ ကြက်ကလေးတွေလို မြေကြီးမှာပဲ အစာယက်ရှာဖွေနေကြတယ်။
#ကွာခြားချက် (၄)
– စီးပွားရေးသမားတွေက ကြွယ်ဝချမ်းသာမှုကို ရှာနေကြတယ်။
– ဝန်ထမ်းတွေက ပိုက်ဆံရဖို့ ရှာနေကြတယ်။
#ကွာခြားချက် (၅)
– စီးပွားရေးသမားက ပြောတယ်။ “ခုလိုဖြစ်တာ ငါ့မှာ တာဝန်ရှိတယ်”တဲ့။
– ဝန်ထမ်းက ပြောတယ်။ “အဲ့ဒါ ကျနော့်အမှား မဟုတ်ဘူးနော်”တဲ့။
#ကွာခြားချက် (၆)
– စီးပွားရေးသမားတွေဟာ ကောင်းတာ တွေ့ရင် ချီးကျူးကြတယ်။ သူတို့ မှားရင်လည်း ပြင်ကြတယ်။
– ဝန်ထမ်းတွေဟာ သူများတော်ရင် မချီးကျူးဘူး။ သူတို့ မှားရင် ပြင်ဖို့ ဝန်လေးတယ်။
#ကွာခြားချက် (၇)
– စီးပွားရေးသမားတွေဟာ အများကြီးရဲ့ နည်းနည်းစီပဲ သိကြတယ်။
– ဝန်ထမ်းတွေဟာ နည်းနည်းလေးရဲ့ အများကြီးကို သိကြတယ်။ သူတို့ကိုယ်သူတို့ expert, specialist လို့ အပြောခံတာကို ဂုဏ်ယူနေကြတယ်။
# ကွာခြားချက် (၈)
– စီးပွားရေးသမားတွေဟာ ပြဿနာကို အခွင့်အလမ်းလို့ မြင်တတ်ကြတယ်။
– ဝန်ထမ်းတွေဟာ အခွင့်အလမ်းကို ပြဿနာလို့ပဲ မြင်တတ်ကြတယ်။
# ကွာခြားချက် (၉)
– စီးပွားရေးသမားတွေဟာ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီး ထပ်ကြိုးစားကြတယ်။
– ဝန်ထမ်းတွေဟာ ရှုံးနိမ့်မှု ကြုံလာရင် စိတ်ဓါတ်ကျပြီး ထပ်မကြိုးစားတော့ဘူး
# ကွာခြားချက် (၁၀)
– စီးပွားရေးသမားတွေဟာ ဖျော်ဖြေမှုတွေကို ခံစားဖို့ထက် သူတို့အရည်အချင်း တိုးတက်အောင် အမြဲလုပ်နေကြတယ်။
– ဝန်ထမ်းတွေကတော့ သူတို့အရည်အချင်းတိုးတက်ဖို့ထက် ဖျော်ဖြေမှုတွေနဲ့ပဲ အချိန်ကုန်နေကြတယ်။
“The 10 Secrets of Entrepreneurs” စာအုပ်လေးက ယူထားတာပါ။
ကျွန်တော့်ရဲ့ မှတ်ချက်လေး ဖြည့်စွက်ပေးချင်ပါတယ်။
“ဝန်ထမ်းဟာ စီးပွားရေးသမားလို စိတ်ဓါတ်မျိုး ဖြစ်လာအောင် ကြိုးစားလိုက်မယ်ဆိုရင် သူ့ဘဝဟာ အကြီးအကျယ် တိုးတက် ပြောင်းလဲသွားမှာ သေချာပါတယ်”။
Credit : Original Uploder