Zawgyi ျဖင့္ဖတ္္ရန္

 

ခရီးသြား လုပ္ငန္း က ႏိုင္ငံရဲ႕ စီးပြားေရး က႑ကို တိုးျမႇင့္ေပးလို႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံျခား ခရီးသြား ေတြကို တံခါးဖြင့္ႀကိဳဆိုၾကပါတယ္။ဒါေပမဲ့ ဆန႔္က်င္ဘက္အေနနဲ႔ တံခါးပိတ္ဝါ ဒ က်င့္သုံးတဲ့ႏိုင္ငံေတြလည္း ရွိပါေသးတယ္။ အခုဒီမွာေတာ့ ကမာၻလွည့္ ခရီးသြား ေတြ မေ႐ြးခ်ယ္သင့္တဲ့ ႏိုင္ငံ (၁၀) ႏိုင္ငံကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေဆာ္ဒီအာေရးဗ်

 

ေဆာ္ဒီအာေရးဗ် ႏိုင္ငံ ကို သြားလည္မယ္ဆိုရင္ ျပည္တြင္း မွာတရားဝင္ ေနထိုင္တဲ့ေဆာ္ဒီအာေရးဗ် ႏိုင္ငံသား က တာဝန္ခံေပးမွသာလွ်င္ သြားေရာက္ လည္ပတ္လို႔ရပါတယ္။ ဒါေတာင္ ေလွ်ာက္လႊာ ေ႐ြးခ်ယ္မႈကိုအရမ္းတင္းၾကပ္လို႔ ဗီဇာ ရဖို႔ေတာင္မလြယ္ပါဘူး။

၂။ အီရန္

 

အီရန္ မွာ အေမရိကန္ သံ႐ုံး ေတာင္မရွိပါဘူး။ ၁၉၇၉ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ အီရန္ ဓားစာခံေတြနဲ႔ အေျခအေနတင္းမာမႈေၾကာင့္ပါ။ အီရန္ႏိုင္ငံကို သြားလည္မယ့္ ကမာၻ႔လွည့္ ခရီးသြား ေတြအေနနဲ႔ တီဟီရန္ ေလဆိပ္ကခြင့္ျပဳတဲ့ ခရီးသြား ဗီဇာ ရဖို႔လိုၿပီး အေမရိကန္ႏိုင္ငံသားေတြဆိုရင္ ဒီဗီဇာကို တိုက္႐ိုက္ေလွ်ာက္လို႔မရပါဘူး။ တကယ္လို႔ အေမရိကန္ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ အီရန္ နိုင္ငံကို သြားမယ္ဆိုရင္ ဝါရွင္တန္ DC ၿမိဳ႕ ပါကစၥတန္ သံ႐ုံးမွာ ဖြင့္လွစ္ထားတဲ့ အီရန္ နိုင္ငံ နဲ႔ သက္ဆိုင္တဲ့ ဌာနမွ တရားဝင္ ဗီဇာရမွသာ ႏိုင္ငံထဲဝင္ခြင့္ရမွာ ျဖစ္ပါတယ္။

၃။ ေျမာက္ကိုးရီးယား

 

ေျမာက္ကိုးရီးယား ကိုသြားေရာက္မလည္ပတ္ခင္ ခရီးသြားကုမၸဏီ နဲ႔ package အျပည့္စာ ႀကိဳတင္ဝယ္ယူထားရမွာပါ။ အလည္ပတ္ခရီးစဥ္အတြင္းမွာလည္း လမ္းၫႊန္နဲ႔ပဲ တခ်ိန္လုံးလည္ပတ္ရမွာပါ။

၄။ ဆီးရီးယား

 

ဆီးရီးယား က ပဋိပကၡေတြအမ်ားႀကီးျဖစ္ပြားေနတဲ့ေနရာပါ။ ဒါကိုမေၾကာက္ဘဲ သြားလည္ခ်င္တယ္ ဆိုရင္ေတာင္မွ ဗီဇာ လုပ္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ဗီဇာ ေထာက္ခံခ်က္ရဖို႔ေတာင္ လုပ္ရမယ့္ အဆင့္ေတြက ရႈပ္ေထြးၿပီး အၾကာႀကီးေစာင့္ရပါတယ္။

၅။ က်ဴးဘား

 

က်ဴးဘား မွာ ကာေရဗီယန္ပင္လယ္ႀကီးၾကည့္ၿပီး ဆန္းဒဝစ္ခ်္စားရင္း အပန္းေျဖဖို႔ေလာက္နဲ႔ေတာ့ ေလယာဥ္လက္မွတ္မွာၿပီးသြားခြင့္မရွိပါဘူး။ တရားဝင္အေၾကာင္း ကိစၥမရွိဘဲသြားခ်င္ရင္ ေသခ်ာတယ္ ေစာင့္ေပေတာ့ပဲ။

၆။ ဆိုမာလီယာ

 

ဆိုမာလီယာ ဆိုတာ နဲ႔ပင္လယ္ျပင္ မွာ က်က္စားမင္းမူေနတဲ့ ပင္လယ္ဓားျပ ေတြကို ေျပးျမင္မိမွာပါ။ ပင္လယ္ဓားျပ ရန္ကို မေၾကာက္လို႔ သြားလည္ခ်င္ရင္ေတာင္မွ ေထာက္ခံခ်က္ နဲ႔ လာလည္ဖို႔ဖိတ္ၾကားမွသာ သြားလို႔ရတာပါ။

၇။ အန္ဂိုလာ

 

အာဖရိကန္တိုက္ အလယ္ပိုင္းမွာ တည္ရွိတဲ့ အန္ဂိုလာႏိုင္ငံကို သြားေရာက္လည္ပတ္ခ်င္တယ္ဆိုရင္ ကုန္က်စားရိတ္ေတြ အရမ္းမ်ားလို႔ လက္ေလွ်ာ့လိုက္ရမယ့္ႏိုင္ငံပါ ။ အန္ဂိုလာႏိုင္ငံကိုသြားမယ္ဆိုရင္ ဗီဇာ မေလွ်ာက္ခင္တည္းက ေလွ်ာက္ထားေၾကး၊ ဖိတ္ၾကားေၾကး၊ ေလယာဥ္လက္မွတ္ ႏွင့္ ဟိုတယ္ခေတြ ႀကိဳေပးထားရမွာပါ။

၈။ အာဖရိက အလယ္ပိုင္းေဒသ

 

အာဖရိက အလယ္ပိုင္း ေဒသ ရဲ႕နယ္ျခားစည္းေတြက အရမ္းတင္းၾကပ္ပါတယ္။ အေမရိကန္လူမ်ိဳးေတြလာမွာကိုလည္းအရမ္းမုန္းၾကပါသတဲ့။

၉။ လစ္ဗ်ား

 

လည္ပတ္ရင္းဘယ္အခ်ိန္၊ ဘယ္ေနရာမွာ အႏၲရာယ္ က်ေရာက္လာမွာကိုေတာင္ မသိႏိုင္တဲ့ ႏိုင္ငံတစ္ခုျဖစ္ၿပီး ရာဇဝတ္မႈေတြလည္း အရမ္းမ်ားတဲ့ ႏိုင္ငံတစ္ခုျဖစ္ပါတယ္။

၁၀။ အယ္ဂ်ီးရီးယား

 

အယ္ဂ်ီးရီးယားႏိုင္ငံက ခရီးသြား ေတြကို မေရာက္ခင္တည္းက ေငြညစ္မယ့္ႏိုင္ငံပါ။ ဟိုတယ္မွာ ဘြတ္ကင္လုပ္ၿပီးမွသာ တည္းခိုႏိုင္ေၾကာင္းလက္မွတ္ရပါတယ္။ ထိုမွတဆင့္ ျပည္တြင္း ခရီးသြား ေအဂ်င္စီ နဲ႔ခ်ိတ္ဆက္ၿပီး ဖိတ္ၾကားခ်က္ရေၾကာင္းေသခ်ာေအာင္လုပ္ရမွာပါ။ ဒါေတြအားလုံးၿပီးမွသာဗီဇာေလွ်ာက္လို႔ရပါတယ္။

Credit :Yoyarlay

 

 

Unicode ဖြင့်ဖတ်ရန်

သွားရောက်မလည်ပတ်သင့်တဲ့ နိုင်ငံ ၁၀ နိုင်ငံ

 

ခရီးသွားလုပ်ငန်းက နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို တိုးမြှင့်ပေးလို့ နိုင်ငံတော်တော်များများက နိုင်ငံခြားခရီးသွားတွေကို တံခါးဖွင့်ကြိုဆိုကြပါတယ်။

ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့နိုင်ငံတွေလည်း ရှိပါသေးတယ်။ အခုဒီမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ မရွေးချယ်သင့်တဲ့ နိုင်ငံ (၁၀) နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆော်ဒီအာရေးဗျ

 

ဆော်ဒီအာရေးဗျ နိုင်ငံကို သွားလည်မယ်ဆိုရင် ပြည်တွင်းမှာတရားဝင်နေထိုင်တဲ့ဆော်ဒီအာရေးဗျ နိုင်ငံသားက တာဝန်ခံပေးမှသာလျှင် သွားရောက် လည်ပတ်လို့ရပါတယ်။ ဒါတောင် လျှောက်လွှာရွေးချယ်မှုကိုအရမ်းတင်းကြပ်လို့ ဗီဇာရဖို့တောင်မလွယ်ပါဘူး။

၂။ အီရန်

 

အီရန်မှာ အမေရိကန်သံရုံးတောင်မရှိပါဘူး။ ၁၉၇၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အီရန်ဓားစာခံတွေနဲ့ အခြေအနေတင်းမာမှုကြောင့်ပါ။ အီရန်နိုင်ငံကို သွားလည်မယ့် ကမ္ဘာ့လှည့်ခရီးသွားတွေအနေနဲ့ တီဟီရန် လေဆိပ်ကခွင့်ပြုတဲ့ ခရီးသွားဗီဇာ ရဖို့လိုပြီး အမေရိကန်နိုင်ငံသားတွေဆိုရင် ဒီဗီဇာကို တိုက်ရိုက်လျှောက်လို့မရပါဘူး။ တကယ်လို့ အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ အီရန်နိုင်ငံကို သွားမယ်ဆိုရင် ဝါရှင်တန် DC မြို့ ပါကစ္စတန် သံရုံးမှာ ဖွင့်လှစ်ထားတဲ့ အီရန်နိုင်ငံ နဲ့ သက်ဆိုင်တဲ့ ဌာနမှ တရားဝင် ဗီဇာရမှသာ နိုင်ငံထဲဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

၃။ မြောက်ကိုးရီးယား

 

မြောက်ကိုးရီးယားကိုသွားရောက်မလည်ပတ်ခင် ခရီးသွားကုမ္ပဏီ နဲ့ package အပြည့်စာ ကြိုတင်ဝယ်ယူထားရမှာပါ။ အလည်ပတ်ခရီးစဉ်အတွင်းမှာလည်း လမ်းညွှန်နဲ့ပဲ တချိန်လုံးလည်ပတ်ရမှာပါ။

၄။ ဆီးရီးယား

 

ဆီးရီးယားက ပဋိပက္ခတွေအများကြီးဖြစ်ပွားနေတဲ့နေရာပါ။ ဒါကိုမကြောက်ဘဲ သွားလည်ချင်တယ် ဆိုရင်တောင်မှ ဗီဇာ လုပ်ဖို့က မဖြစ်နိုင်ပါဘူး။ ဗီဇာ ထောက်ခံချက်ရဖို့တောင် လုပ်ရမယ့် အဆင့်တွေက ရှုပ်ထွေးပြီး အကြာကြီးစောင့်ရပါတယ်။

၅။ ကျူးဘား

 

ကျူးဘားမှာ ကာရေဗီယန်ပင်လယ်ကြီးကြည့်ပြီး ဆန်းဒဝစ်ချ်စားရင်း အပန်းဖြေဖို့လောက်နဲ့တော့ လေယာဉ်လက်မှတ်မှာပြီးသွားခွင့်မရှိပါဘူး။ တရားဝင်အကြောင်း ကိစ္စမရှိဘဲသွားချင်ရင် သေချာတယ် စောင့်ပေတော့ပဲ။

၆။ ဆိုမာလီယာ

 

ဆိုမာလီယာဆိုတာ နဲ့ပင်လယ်ပြင်မှာ ကျက်စားမင်းမူနေတဲ့ ပင်လယ်ဓားပြတွေကို ပြေးမြင်မိမှာပါ။ ပင်လယ်ဓားပြရန်ကို မကြောက်လို့ သွားလည်ချင်ရင်တောင်မှ ထောက်ခံချက် နဲ့ လာလည်ဖို့ဖိတ်ကြားမှသာ သွားလို့ရတာပါ။

၇။ အန်ဂိုလာ

 

အာဖရိကန်တိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ အန်ဂိုလာနိုင်ငံကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင် ကုန်ကျစားရိတ်တွေ အရမ်းများလို့ လက်လျှော့လိုက်ရမယ့်နိုင်ငံပါ ။ အန်ဂိုလာနိုင်ငံကိုသွားမယ်ဆိုရင် ဗီဇာ မလျှောက်ခင်တည်းက လျှောက်ထားကြေး၊ ဖိတ်ကြားကြေး၊ လေယာဉ်လက်မှတ် နှင့် ဟိုတယ်ခတွေ ကြိုပေးထားရမှာပါ။

၈။ အာဖရိက အလယ်ပိုင်းဒေသ

 

အာဖရိကအလယ်ပိုင်းဒေသရဲ့နယ်ခြားစည်းတွေက အရမ်းတင်းကြပ်ပါတယ်။ အမေရိကန်လူမျိုးတွေလာမှာကိုလည်းအရမ်းမုန်းကြပါသတဲ့။

၉။ လစ်ဗျား

 

လည်ပတ်ရင်းဘယ်အချိန်၊ ဘယ်နေရာမှာ အန္တရာယ်ကျရောက်လာမှာကိုတောင် မသိနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ရာဇဝတ်မှုတွေလည်း အရမ်းများတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

၁၀။ အယ်ဂျီးရီးယား

 

အယ်ဂျီးရီးယားနိုင်ငံက ခရီးသွားတွေကို မရောက်ခင်တည်းက ငွေညစ်မယ့်နိုင်ငံပါ။ ဟိုတယ်မှာ ဘွတ်ကင်လုပ်ပြီးမှသာ တည်းခိုနိုင်ကြောင်းလက်မှတ်ရပါတယ်။ ထိုမှတဆင့် ပြည်တွင်းခရီးသွားအေဂျင်စီ နဲ့ချိတ်ဆက်ပြီး ဖိတ်ကြားချက်ရကြောင်းသေချာအောင်လုပ်ရမှာပါ။ ဒါတွေအားလုံးပြီးမှသာဗီဇာလျှောက်လို့ရပါတယ်။

Credit :Yoyarlay