အင်္ဂလန်အသင်း

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအပြီးမှာ အင်္ဂလန်နိုင်ငံက ကိုယ်စားပြု ကလပ်အသင်း ၅ သင်းစလုံး ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ယူ၊ မန်စီးတီး၊ လီဗာပူးနဲ့ စပါးတို့က အုပ်စု ပထမနေရာကနေ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းက အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တာပါ။

အင်္ဂလန်ကလပ်တွေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့တာကို ချေဖျက်နိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာ ဘယ်အဆင့်အထိ အောင်မြင်မှုရမလဲ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် မဲခွဲမှုတွေကို လာမယ့်ဒီဇင်ဘာ ၁၁ ရက် ပြုလုပ်မှာဖြစ်ပြီး အင်္ဂလန်ကလပ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှာ မဟုတ်ပါဘူး။

copy @ DVB News