ဂျေရုဆလင်

ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်က ကြေညာလိုက်တဲ့အပေါ် ဆော်ဒီအာရေဗျနိုင်ငံ က ရှုတ်ချလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်တာဖြစ်ပြီး အခုလို လုပ်ဆောင်ချက်အပေါ် အာရပ်နိုင်ငံတွေက ပြစ်တင်ဝေဖန်ရုံတင်မက၊ ဗြိတိန် နဲ့ တခြား ဥရောပနိုင်ငံတွေကလည်း သဘောမတူကြပါဘူးလို့ ဆိုပါတယ်။
ဂျရုဆလင်မ်မြို့ဟာ အစ္စရေးရဲ့ အချုပ်အခြာ အာဏာပိုင်နက်ထဲမှာ ရှိတယ်လို နိုင်ငံတကာက အသိအမှတ်မပြုတာကြောင့် နိုင်ငံတကာ သံရုံးတွေကု တယ်လ်အဲဗစ်မြို့မှာပဲ ဖွင့်လှစ်ထားတာပါ။

အခုတော့ သမ္မတထရမ့်က သူ့ရဲ့လုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားအတွက်သာမက၊ အစ္စရေး ပါလစ္စတိုင်း ငြိမ်းချမ်းရေး အတွက် အကျိုးရှိစေမှာ ဖြစ်တာကြောင့်လို့ဆိုပြီး အမေရိကန် သံရုံးကိုလည်း ဂျရုဆလင်မ် ကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေပြီလို့ ကြေညာခဲ့ပါတယ်။
ပါလက်စတိုင်း သမ္မတမာမွတ် အဘက်စ်က ထရမ့်ရဲ့ဆုံးဖြတ်ချက်က တုန်လှုပ် အံ့ဩစရာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်က နိုင်ငံတကာ ငြိမ်းချမ်းရေးမှာ ကြားဝင်ဆောင်ရွက်ပေးတဲ့ ရပ်တည်မှုမျိုး ပျောက်ဆုံးသွားပြီလို့ စွပ်စွဲခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လက်ရှိ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ရှစ်နိုင်ငံက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူ ဆွေးနွေးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Source & Photos : Reuters
copy @ Duwun