ကိုယ်ရည်ကိုယ်သွေး

လူ တစ်ယောက်မှာ သူ့ရဲ့ လုပ်ငန်း ပိုင်း ကျွမ်းကျင်မှု ဆိုင်ရာ အရည်အချင်း ရှိသလိုသူ့ရဲ့ ကိုယ်ပိုင် ကိုယ် ရည် ကိုယ်သွေး ဆိုတာလည်း ရှိပါတယ် ။တစ်ခါတလေ လုပ်ငန်းခွင်တွေမှာ ကိုယ်က လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်း ရှိနေပေမယ့်ရာထူး တိုးစရာ ပေါ်လာတော့ ကိုယ်နဲ့ အရည်အချင်းတူ တစ်ယောက်ယောက်က ဒီရာထူးကို ရသွားတယ် / ဒါမှ မဟုတ် ကိုယ့်ထက် ပိုပြီး အခွင့်အရေးတွေ ပိုရနေတယ်ဆိုရင် ကိုယ် ဟာ သူ့ထက် ကိုယ် ရည် ကိုယ်သွေး နိမ့်နေလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။

အလုပ် တစ်ခုကို ပြိုင်တူ လျှောက်ကြပြီး အရည်အချင်းတူပေမယ့်တခြားလူတွေ ကို ရွေးသွားတယ်ဆိုတာမျိုးဟာလည်း အလားတူပါပဲ ။( ဘက်လိုက်မှု တွေ ကြောင့် ဖြစ်တတ်တဲ့ သဘောသဘာဝတွေလည်း ရှိတတ်ပေမယ့်ဒီနေရာမှာတော့ ဒါကို ထည့်သွင်း မဆွေးနွေးတော့ပါဘူး ။ )

ဒီတော့ ကျွန်တော်တို့ဟာ ဒီလိုမျိုး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတတ်ပညာ ဆိုင်ရာ ကျွမ်းကျင်မှု / အရည်အချင်းတွေ သာမက ကိုယ့်ရဲ့ ကိုယ်ပိုင် ကိုယ် ရည် ကိုယ်သွေး တွေလည်း တိုးတက်နေအောင် လေ့လာ လေ့ကျင့်သင့်ပါတယ် ။

ကျွန်တော် လေ့လာဖူးသလောက်ဘဝမှာ အောင်မြင် တိုးတက်လိုသူတိုင်း လေ့လာသင့်တယ်လို့ ယုံကြည်တဲ့ ကိုယ် ရည် ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ အကြောင်းအရာလေးတွေကို စုစည်းပေးလိုက်ပါတယ် ။

၁။ ထိထိ ရောက်ရောက် တွေးခေါ် နိုင်မှု စွမ်းအား ကို လေ့လာ လေ့ကျင့်ခြင်း

( ထိထိ ရောက်ရောက် တွေးနိုင်မှ ထိထိရောက်ရောက် လုပ်နိုင်မှာပါ ။လူချင်း အတူတူ အတွေးသာ တဲ့လူက ရှေ့ ပို ရောက်ဖို့ များပါတယ် ။မွေးရာပါ / သိပ် လေ့လာ လေ့ကျင့်စရာ မလိုဘဲ တွေးခေါ်နိုင်စွမ်း ကောင်းသူ တစ်ချို့ ရှိသလိုလေ့ကျင့် သင်ကြားမှုကနေ တဆင့်လည်း မိမိရဲ့ တွေးခေါ်နိုင်စွမ်းကို မြှင့်တင် နိုင်ပါတယ် ။ ဒီတော့ ဒီဘာသာရပ် ကို ကျွန်တော့် အနေနဲ့ လေ့လာစရာတွေထဲမှာထိပ်ဆုံးမှာ ထားပေးချင်ပါတယ် ။ )

၂။ ပေါင်းသင်း ဆက်ဆံရေး စွမ်းအားကို မြှင့်တင်ခြင်း

( မိတ်ဆွေများလေ သိစရာ / သင်ယူစရာ / အလုပ်အကိုင် / စီးပွါးရေး အခွင့်အလမ်း များလေပါ ပဲ ။ ဒီတော့ မိတ်ဆွေများဖို့ အရေးကြီးပါတယ် ။နောက် တစ်ဆင့်ကတော့ များနေတဲ့ မိတ်ဆွေတွေထဲမှာမှကိုယ့် ရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ကို ရွေးထုတ်ရယူနိုင်ဖို့ ဖြစ်ပါတယ် ။Facebook မှာ Friends 5,000 ရှိဖို့ထက် တကယ် အရေးကြုံလာရင် ကိုယ့်ဘက်မှာ ဝင်ရပ်ပေးနိုင်မယ့်မိတ်ဆွေ ၅ ယောက် ရှိဖို့က ပို အရေးကြီးပါတယ် ။

ဒီနေရာမှာ သတိထားစရာ တစ်ခုက ကိုယ်က မိတ်ဆွေစစ် မိတ်ဆွေမှန်တွေလိုချင်ရင်ကိုယ် ကိုယ်တိုင်က မိတ်ဆွေစစ် မိတ်ဆွေမှန် တစ်ယောက် ဖြစ်အောင် အရင် ကြိုးစား ဖို့ပါပဲ ။ )

၃။ ထိထိရောက်ရောက် ပြောဆို ဆက်ဆံနိုင်စွမ်း / တင်ဆက်ပြသနိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

( အလုပ်အင်တာဗျူး ဖြေတာ / ကိုယ့် စီးပွါးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ မယ့် သူ ရှာတာ က အစ …ဈေး ရောင်း တာ အဆုံး …နိုင်ငံရေး လောကမှာ လှုပ်ရှားတာ မကျန် … ဒီ စွမ်းရည် ရထားမှ အဆင်ပြေပါလိမ့်မယ် ။ဒီ စွမ်းရည် ကောင်းရင် ကောင်းသလောက် ကိုယ့်အတွက် ရလာဒ်ကောင်းတွေ ရနိုင်ပါလိမ့်မယ် ။ )

၎။ မိမိကိုယ်ကို သိရှိ ဆင်ခြင်နိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

( ကျွန်တော်က English စကားပြောသင်တန်းလေး တစ်ခု ဖွင့်ထားတော့လူငယ်တွေနဲ့ အမြဲ ထိတွေ့ပြောဆို နေရပါတယ် ။သူတို့ကို

– ဘာလုပ် နေသလဲ ?

– ဘာ လို့ အဲဒါ ကို လုပ်နေတာလဲ ?

– ဘာဖြစ်ချင်တာလဲ ?

– ဘာလို့အဲဒါကို ဖြစ်ချင်တာလဲ ?

– လက်ရှိ ကိုယ် ဖြစ်ချင်တာရဲ့ ဘယ်အနေအထားကို ရောက်နေပြီလဲ ?

– ဘာ တွေ ဆက်လုပ်သွားမှာလဲ ?

စတဲ့ မေးခွန်းတွေ မေးလိုက်တိုင်း သေသေချာချာ ရေရေရာရာ ဖြေနိုင်သူ နည်းလွန်းလှပါတယ် ။

ကိုယ့် အိပ်မက် ပျောက်နေတာ / ပန်းတိုင် မရှိတာ စတာတွေကို တွေ့ရတိုင်းကိုယ်ချင်းစာ စိတ်မကောင်း / အားမလို အားမရ ဖြစ်ရပါတယ် ။ဒါကြောင့်လည်း သူတို့ အိပ်မက်တွေကို ပြန်ရှာတွေ့နိုင်ဖို့ကျွန်တော် တတ်နိုင်သလောက် လေး လုပ်ပေးချင်တာကြောင့်ကျွန်တော့် မဂ္ဂဇင်း ကို ” မြန်မာ့ အိပ်မက် ” လို့ နာမည်ပေးပြီး ထုတ်ဝေဖို့အခက်အခဲတွေ အများကြီး ကြားက စီစဉ် ဖြစ်ရတာ ပါ ။ ဒါလည်း ကျွန်တော့် အိပ်မက် တစ်ခု ပဲပေါ့ဗျာ ။လူငယ် တွေ အနေနဲ့ ကိုယ့်ကိုယ်ကို သိဖို့ အလွန် အရေးကြီးလှပါတယ် ။ )

၅။ မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်စွမ်း

( စိတ်ဓာတ် မြှင့်တင် ရေး – Motivation – လုပ်တာ အဓိက ၂ မျိုး ရှိပါတယ် ။အပြင် ( သူများ ) က မြှင့်တင်ပေးတာနဲ့
မိမိ ကိုယ်ကို မိမိ မြှင့်တင်ပေးတာ ပါ ။အပြင်က ( စာအုပ်တွေ / ဟောပြောပွဲတွေ / လူတွေက ) မြှင့်တင်ပေးတာ ဟာ
ရေရှည် မခံတတ်ပါဘူး ။

ဒါကြောင့် မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်အောင် စနစ်တကျ လေ့လာ လေ့ကျင့်ထားသင့်ပါတယ် ။ကျွန်တော့် အတွက်တော့ ဒီ အရည်အချင်းဟာ အသက်ကယ်ဆေး ( ဒါမှမဟုတ် ) ” ဘဝ ကယ်ဆေး ” တောင် ဖြစ်ခဲ့ပါတယ် ။ )

ကျွန်တော် ပြန်ပြီး စုစည်းပေးပါ့မယ် ။

၁။ ထိထိ ရောက်ရောက် တွေးခေါ် နိုင်မှု စွမ်းအား ကို လေ့လာ လေ့ကျင့်ခြင်း

၂။ ပေါင်းသင်း ဆက်ဆံရေး စွမ်းအားကို မြှင့်တင်ခြင်း

၃။ ထိထိရောက်ရောက် ပြောဆို ဆက်ဆံနိုင်စွမ်း / တင်ဆက်ပြသနိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

၎။ မိမိကိုယ်ကို သိရှိ ဆင်ခြင်နိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

၅။ မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်စွမ်း

ဒီ အချက်တွေ အပြင် ကိုယ် ရည် ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ ဆိုင်ရာ လေ့လာစရာတွေအများကြီးရှိနေသေးပေမယ့်ဒီ အချက် ၅ ချက်ကို ဦးစားပေး လေ့လာ လေ့ကျင့်သင့်တယ်လို့ ယုံကြည်လို့အရင်ဆုံး ရေး ပေးလိုက် တာပါ ။

ဒါတွေ အားလုံး ရဲ့ အပေါ်မှာ အဓိက အရေးကြီးတာ တစ်ခု ရှိနေပါသေးတယ် ။ဒါကတော့ ” မရှိတာထက် မသိတာခက် မသိတာ ထက် သိအောင် မလုပ်တာခက် သိပြီးလည်း ထ မလုပ်တာ ခက် ” လို့ပဲ ရှေးစကားကိုနည်းနည်း ပြင်လိုက်ချင်ပါတယ် ။

အသိပညာ ဗဟုသုတကို တကယ် လိုက်နာလက်တွေ့မလုပ်ဘဲအပျင်းပြေ လေ့လာနေသူတွေထဲမှာ ကိုယ် မပါ ဖို့ အရေးကြီးလှပါတယ် ။သိကြားမင်း ဆင်းကယ်လည်း မရတဲ့ လူမျိုး ဆိုတာ အဲဒါမျိုးတွေပါ ။ဒါကြောင့် လုပ်စရာရှိတာ လုပ်သင့်တာကို ” တကယ် လက်တွေ့ လုပ်ဖြစ်အောင်ထလုပ် ပါ ” လို့ တိုက်တွန်းချင်ပါတယ် ဗျာ ။

Credit to ကိုဇင်ဇေ ( Myanmar Dream )