အသက် 50 အရွယ် ကလေးနှစ်ယောက်ဖခင် Sean O’Kane အမည်ရ အမျိုးသားဟာ ၎င်းရဲ့ နောက်ဆုံး သေကြောင်း
ကြံမှတ်စုထဲမှာ သေကြောင်းကြံစည်ရခြင်း အကြောင်းအရင်းကို ရှင်းပြထားပါတယ်။ သူဟာ ဇနီးရဲ့လက်ကိုင်အိတ်ထဲက ပစ္စတိုကိုယူကာ မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ပြီး သေကြောင်းကြံစည်ခဲ့တာပါ။

သူ့ကို မီချီဂန်ရဲတပ်ဖွဲ့က ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဓာတ်ပုံတွေ စုဆောင်းထားသူအဖြစ် တရားစွဲဆိုခဲ့ပြီး၊ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က သူ့အိမ်ကိုဝင်ရောက်ရှာဖွေပြီး၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ဆေးခဲ့ရာမှာတော့ ဥပဒေနဲ့မလွှတ်ကင်းတဲ့ ဓာတ်ပုံ တစ်ပုံမျှ မတွေ့ခဲ့ရလို့၊ အမှုကို ပိတ်သိမ်းပေးခဲ့ပါတယ်။

Kane ဟာ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး၊ မီချီဂန်ရှိ သူရဲ့နေအိမ်မှာပင် သေဆုံးခဲ့ပါတယ်။ သူရဲ့ ကွားရှင်းထားတဲ့ ဇနီးဟောင်း Ruth က ” သူက သေနတ်ဆို အလွန်မုန်းတဲ့သူပါ .. ဘယ်လို သုံးရမှန်းတောင် မသိလို့ အလောင်းဘေးမှာ သေနတ်က မောင်းတင်ပြီးသား အနေအထားကြီး ရှိနေပါသေးတယ် .. သူ့ကောင်မလေးရဲ့ အိတ်ထဲကနေ ယူပြီး အသုံးပြုခဲ့တာပါ “လို့ ပြောခဲ့ပါတယ်။

Kane ရဲ့ အမည်မဖော်လိုသူ ဒုတိယချစ်သူကလည်း အခင်းဖြစ်ချိန်မှာ ရေချိုးခန်း ၀င်နေတာဖြစ်ပြီး၊ သေနတ်သံကို မသဲမကွဲတော့ ကြားလိုက်ရပေမယ့်၊ နားကြားမှားတာလို့ ထင်ခဲ့ကြောင်းဆိုပါတယ်။ ဒါကြောင့် အရေးပေါ်ဌာနကိုလည်း တစ်နာရီလောက် ကြာမှ အကြောင်းကြားနိုင်ခဲ့တာပါ။

Kane ဟာ Kellogg ကုမ္မဏီ ၀န်ထမ်းတစ်ဦးဖြစ်ပြီး၊ မိခင် UK ကို ဆယ်ရက်ကြာ အလည်အပတ်ပြန်ပြီးနောက်၊ ယခုလို သေကြောင်းကြံစည်မှု ဖြစ်ခဲ့တာပါ။ ယခုဖြစ်ရပ်ကြောင့် ယခင်က တရားလို ပြုလုပ်အမှုဖွင့်ခဲ့တဲ့ ရဲတပ်ဖွဲ့ကတော့ ဘာသတင်းထုတ်ပြန်မှုမှ မပြုလုပ်သေးပါဘူး။

Credit: နတ်စည်တော် (Shwemom)

source : thesun.co.uk