နေတိုးနဲ့ဆုံတာ ဖြစ်ပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လုပ်နေပါပြီ။ ယခုလည်း ကြော်ငြာတစ်ခု ရိုက်ကူး နေတယ်လို့ သိရပါတယ်။

အဲ့ဒီကြော်ငြာရိုက်ကူးမှာတော့ သူငယ်ချင်းဖြစ်သူ နေတိုးနဲ့ ပြန်ဆုံတာ ဖြစ်လို့ ပျော်နေပါတယ်။ သူမရဲ့ဖေ့စ်ဘွတ်မှာ နေတိုးနဲ့တူ ရိုက်ကူးနေတဲ့ ရှုတင်ဓာတ်ပုံလေးတွေကိုလည်း တင်ထားပါသေးတယ်။

“ဒီနေ့တော့ မတွေ့တာကြာပြီဖြစ်တဲ့ သယ်ရင်းကြီးနဲ့ ကြော်ငြာမှာဆုံ ဒီအတွဲကို လွမ်းနေကြတယ်ဟုတ်” ဆိုပြီး ပရိသတ်တွေကို မေးထားပါသေးတယ်။

သူမတို့ နှစ်ယောက်ကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူနှစ်ယောက်ဖြစ်သလို သူမတို့နှစ်ယောက်ဆုံပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းလိုလိုဟာလည်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

တကယ့်လို လိုက်ဖက်ညီတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ သမီးလေးကိုလည်း အချိန်ပေးရင်း အနုပညာအလုပ်လေးတွေကိုလည်း တက်နိုင်သလောက် ပြန်လည်လုပ်ကိုင်လာတာကြောင့် သူမရဲ့ ပရိသတ်တွေကတော့ ပျော်နေပါတယ်။

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု  ရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ” အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ အိမ်ထောင်ပြုပြီး အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

Credit:Duwun