အမျိုးသားစူပါဟီးရိုးတွေနဲ့ မယှဉ်သာလောက်အောင် နည်းခဲ့ပါတယ်။၂၀၁၃ ခုနှစ်ကပြသခဲ့တဲ့ Man of Steel ဇာတ်ကားက မပေါက်ခဲ့သော်လည်း Superman မင်းသား ဟင်နရီကဗီးလ်ဟာ အနုပညာကြေး ဒေါ်လာ ၁၄ သန်း ရရှိခဲ့တာဖြစ်ပေမဲ့ လက်ရှိမှာ ဒေါ်လာ သန်း ၆၀၀ ခန့် ဝင်ငွေရှိနေပြီ ဖြစ်တဲ့  Wonder Woman ရဲ့အဓိကသရုပ်ဆောင် ဂဲလ်ဂဒေါ့ရဲ့အနုပညာကြေးကတော့ ဟင်နရီကဗီးလ်နဲ့ မယှဉ်သာလောက်အောင် နည်းပါးနေခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် မင်းသမီး ဂဲလ်ဂဒေါ့ဟာ Batman v Superman, Wonder Woman နဲ့ Justice League ဇာတ်ကားသုံးကားအတွက် စာချုပ်ချုပ်ဆိုရာမှာ ရုပ်ရှင်တစ်ကားကို ဒေါ်လာ ၃ သိန်းသာ ရရှိခဲ့တယ်လို့ ၂၀၁၄ ခုနှစ်က Variety မှာ ဖော်ပြခဲ့ဖူးပါတယ်။

ပရိသတ်တွေဟာ အမျိုးသား သရုပ်ဆောင်နဲ့ အမျိုးသမီးသရုပ်ဆောင်တွေကြား ကွာဟချက် ကြီးမားမှုကို ထောက်ပြလာကြပါတယ်။

ဒါပေမဲ့လည်း ဂဒေါ့ဟာ Wonder Woman မှာ သူမတစ်ဦးတည်းအဓိကသရုပ်ဆောင်ပြီး အောင်မြင်မှုရခဲ့တာကြောင့် Bonus အများအပြားရနိုင်ပါတယ်။ သူမရဲ့သတ်မှတ်အနုပညာကြေးထက် အဆပေါင်းများစွာ များပြားတဲ့ ပမာဏတစ်ခုကို ရရှိလိမ့်မယ်လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပေမဲ့ ငွေကြေးပမာဏအတိအကျကိုတော့ မသိရသေးပါဘူး။

ဂဲလ်ဂဒေါ့ကတော့ အနုပညာကြေးနဲ့ ပတ်သက်ပြီး ဘာမှ မပြောခဲ့ဖူးပေမဲ့ Wonder Woman အဖြစ် သရုပ်ဆောင်ရတာကို ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့ဖူးပါတယ်။

ကျွန်မဟာ Wonder Woman ဇာတ်ကားရိုက်ဖို့ မွေးဖွားလာတယ်လို့ ခံစားရတယ်။ ယောက်ျားလေးတိုင်းမှာ အထင်ကြိး အားကျစရာ ပုဂ္ဂိုလ်တွေ အမြဲရှီတယ်။ စူပါမန်းတို့၊ ဘက်မန်းတို့၊ စပိုက်ဒါမန်းတို့လိုပေါ့။ မိန်းကလေးတွေအတွက် ကျတော့ မင်းသမီးလေးက မင်းသားရဲ့ကယ်တင်ခံရတာတွေချဉ်းပဲ။ အခု ကျွန်မတို့မှာ Wonder Woman ရှိနေပြီ။ သူမဟာ ကြောက်ရွံ့မှုမရှိဘူး၊ ဖြစ်လာမျှကို အဆင်ပြေအောင် ဖန်တီးနိုင်တယ်။ သူမကိုယ်သူမ ယုံကြည်မှုရှိသလို ဘာမဆို သူမလုပ်နိုင်တယ်လို့လည်း ယုံကြည်တယ်။ ကျွန်မအတွက်တော့ တကယ်အားကျစရာ အမျိုးသမီးပါပဲ” လို့ ဂဲလ်ဂဒေါ့က ဆိုခဲ့ဖူးပါတယ်။

Source : Daily Mail

Credit:Duwun