ဘယ်လ်ဂျီယံတက္ကသိုလ်တစ်ခုဖြစ်တဲ့ Free University of Brussels (ULB) တက္ကသိုလ်ဟာ ဆေးကျောင်းသူတွေဆီ ကို သီးသန့်လျှို့ဝှက် အီးမေးလ်ပေးပိုပြီး၊ ဘွဲနှင်းသဘင်မှာ မည်သို့မည်ပုံဝတ်စားဆင်ယင်သင့်သည်ကို ညွှန်ကြားခဲ့ပါတယ်။ အဆိုပါ အီးမေးလ်ဟာ လက်ရှိကျောင်းရဲ့ပေါ်လစီနဲ့ မကိုက်ညီတဲ့အပြင်၊ အခြားကျောင်းတွေရဲ့ ရယ်စရာလည်း ဖြစ်စေခဲ့ပါ တယ်။

တကယ်တော့ ဘွဲ့နှင်းသဘင်တစ်ခုဆိုသည်မှာ နိုင်ငံတော်ကို ကိုယ်စားပြုသည့် အခမ်းအနားကဲ့သို့ ကြီးကျယ်မြင့်မြတ်ပြီး၊ တက္ကသိုလ်နဲ့ ကောလိပ်အားလုံးနီးပါးဟာ သတ်မှတ်ထားသည့် အမျိုးသားဝတ်စုံ စတာတွေကို ၀င်ဆင်ရလေ့ရှိပေမယ့် အခု ဒီဘယ်လ်ဂျီယံတက္ကသိုလ်က ပြောင်းပြန်ဖြစ်နေလို့ ကျောင်းသူတွေ အံ့သြနေကြပါတယ်။

အဆိုပါ မက်ဆေ့မှာ ” အလှအပ ရှုထောင့်ကနေ ကြည့်ရင်တော့ ငယ်ရွယ်တဲ့ ကျောင်းသူတွေဟာ ပေါ့ပေါ့ပါးပါးအ၀တ်တွေ၊ စကပ်တွေ၊ လည်ဟိုက်အင်္ကျီတွေ ၀တ်ဆင်ခဲ့ရင် ပိုအဆင်ပြေပါတယ်”လို့ ရေးသားထားပါတယ်။ ယင်းအီးမေးလ်မှာ နောက် ထပ်ဖော်ပြထားချက်က ” ဒီအကြံဉာဏ်စကားတွေက ကောင်စီရဲ့ တာဝန်ဝတ္တရားတွေနဲ့ မပတ်သက်ပါဘူး .. “လို့ ရေးထား
ပါသေးတယ်။
ထူးခြားချက်က နောက်လမှာကျင်းပမယ့် အဲဒီဘွဲ့နှင်းသဘင်မှာ ကျောင်းသားတွေနဲ့ ပုံမှန်အတိုင်းသာ ၀တ်ဆင်ကြရဖို့ရှိပြီး ဘာညွှန်ကြားချက်မှ မပေးပို့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအီးမေးလ်နဲ့ပတ်သက်ပြီး ဆေးပညာဌာနကတော့ သူတို့လည်း အခုမှ သိရှိရကြောင်းနဲ့ အလွန်အံ့သြတုန်လှုပ်မိကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Marco Schetgen က ဆိုပါတယ်။

ကျောင်းသူတစ်ဦးကလည်း ဒီကိစ္စအပေါ်မှာ ဒေါ်သထွက်နေပြီး စာပြန်ခဲ့ပါတယ်။ သူမရဲ့ စာထဲမှာ ” လူတစ်ယောက် ဘာဝတ်ပါဆိုပြီး ဘယ်သူ့မှာမှ ပြောပိုင်ခွင့်မရှိဘူး … အမျိုးသမီးတွေ ဘာလုပ်ဆောင်ပါ … ဘယ်လို ဖော်ပြပါ စသဖြင့် ပြောဖို့ ဘယ်သူ့မှာမှ အခွင့်မရှိဘူး “လို့ ပြင်းထန်စွာ တုန့်ပြန်ခဲ့ပါတယ်။

တက္ကသိုလ်ရဲ့တရားဝင် Facebook နဲ့ ၀က်ဘက်ဆိုဒ်ကလည်း စာလက်ခံရရှိထားတဲ့ ကျောင်းသူတွေကို တောင်းပန်ခဲ့ပြီး၊ ဒါဟာ ကျောင်းစည်းမျဉ်းစမ်းကမ်းတွေနဲ့လည်း လုံးဝ မလျှော်ညီဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အမှန်တကယ်ဆိုရင် တစ်
ယောက်က ကျောင်းအီးမေးလ်ကို Hack ပြီး စာတွေကိုပို့သွားတယ်ဆိုတာ လက်ခံလိုက်လို့ရပေမယ့်၊ အခုပုံစံက ကျောင်း
တာဝန်ရှိသူတွေက ကိုယ်တိုင်ပေးပို့ပြီးမှ စည်းမျဉ်းနဲ့မလျှော်ညီဘူးဆိုတဲ့ ဖြေရှင်းချက်ဟာ ရယ်စရာဖြစ်နေပါတယ်။
Credit: မဒီလေး (Shwemom)

source : metro.co.uk