တရုတ်နိုင်ငံ Hubei Province ရဲ့ မြို့တော် Wuhan မြို့မှာတည်ရှိတဲ့ Tianhe International Airport လေဆိပ်ဝန်
ထမ်းတွေရဲ့ လုပ်ရပ်ကတော့ တရုတ်လူမှုကွန်ယက်တွေပေါ်မှာ အတော်လေး ဝေဖန်ခံနေရပါတယ်။ ဖြစ်စဉ်မှာတော့ Golden Retriever အမျိုးအစား ခွေးတစ်ကောင်ကို ဆိုးဝါးတဲ့ ဒဏ်ရာတွေ ရရှိစေခဲ့လို့ပါ။

ခွေးပိုင်ရှင်ဟာ အသက် 23 နှစ်အရွယ် လေယာဉ်ခရီးသည် ဖြစ်ပြီး သူရဲ့ခွေးအမည်ကတော့ Er Mao လို့ သိရပါတယ်။ လေယာဉ်တွေရဲ့ ထုံးစံအတိုင်း အိမ်မွေးတိရစ္ဆာန်တွေကို သီးသန့်လှောင်အိမ်ထဲမှာ ထားရှိရတာမို့ မိမိခရီးစဉ်ပြီးဆုံးလို့ ခွေး ကို ပြန်လည် လက်ခံတဲ့အခါမှာ ကျောအရေခွံတစ်ခုလုံး ရက်ရက်စက်စက် အခွာခံထားရပြီး၊ မျက်လုံးမှာလည်း သွေးစ သွေးနတွေ တွေ့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Tianhe International Airport လေဆိပ်တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်မှာ ခွေးဟာ လှောင်
အိမ်ထဲကနေ ထွက်ပြေးခဲ့လို့ အများပြည်သူ ဘေးအန္တရာယ်ကင်းစေရေးကို ရှေးရှုပြီး လုံခြုံရေးအခြေအနေအရ ကြမ်းကြမ် တမ်းတမ်းဖမ်းဆီးစဉ် အခုလို ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။
လေဆိပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီခွေးကို ဖမ်းရလို့ လေယာဉ်ထွက်ခွာချိန် မိနစ် 40 အထိ နောက်ကျခဲ့ရလို့ နစ်နာမှုတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ခွေးပိုင်ရှင်က ခရီးစဉ်ပြီးဆုံးလို့ ခွေးကို ပြန်တောင်းတဲ့အခါ တစ်နာရီအထိ အချိန်ဆွဲကာ စောင့်ခိုင်ထားခြင်းကလည်း လေဆိပ်ရဲ့တာဝန်ယူမှု တာဝန်ခံမှု မရိုးသားတဲ့လက္ခဏာလို့ ပိုင်ရှင်က ပြောခဲ့ပါတယ်။
ခွေးပိုင်ရှင်က ဒီထက်ကျေနပ်စရာကောင်းတဲ့ အဖြေမျိုး ဖြေရှင်းပေးဖို့နဲ့၊ သက်ဆိုင်ရာကို စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားခဲ့လို့ အခု စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်နေပြီလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာတော့ လေ ဆိပ်သာမက၊ ခွေးကိုတင်ဆောင်တဲ့လေကြောင်းလိုင်းကပါ တာဝန်ခံဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

Credit: မဒီလေး (Shwemom)

source : metro.co.uk