သတို့သား

အသက် 28 နှစ်အရွယ် သတို့သား Kevin Joseph McGrath ဟာ သူရဲ့ ဇနီးအသစ်စက်စက်လေးကို မင်္ဂလာပွဲကျင်းပတဲ့ ည (10)နာရီမှာ လက်သီးနဲ့ထိုးကြိတ်ခြင်း၊ လည်ပင်းကို ညှစ်ခြင်း စတဲ့ အကြမ်းဖက်မှုတွေ ပြူမူခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရပါတယ်။

၎င်းတို့ မင်္ဂလာပွဲကို အောက်တိုဘာ 2 ရက် တနင်္ဂနွေနေ့ညမှာ Toomebridge ရှိ White River House Hotel မှာ ကျင်းပခဲ့တာပါ။ ညရှစ်နာရီ ညစာစားပွဲနောက်ပိုင်းမှာ သတို့သား Kevin ဟာ လူမှန်းသူမှန်းမသိအောင် မူးရူးနေခဲ့ပြီး၊ ရဲစခန်းမှာတော့ သူဘာတွေ လုပ်ခဲ့သလဲဆိုတာ မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။သတို့သား

သတို့သမီး Melissa ဟာ ဟော်တယ်ဝန်ထမ်းတွေ အကူအညီနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲရပါတယ်။ အဆိုပါ ည 10 နာရီ ၀န်းကျင်မှာ သတို့သား Kevin ဟာ လက်ထပ်ဝတ်စုံပေါ်မှာ အန်ချခဲ့ရာကနေ သတို့သမီး Melissa နဲ့ အချင်းများခဲ့ပါတယ်။ သတို့သားဟာ Melissa မျက်နှာနဲ့ ကျောကုန်းတွေကို လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးနှပ်ခဲ့ပါတယ်။

လဲကျနေတဲ့ Melissa ကို ခြေထောက်နဲ့ စောင့်ကန်ခဲ့တဲ့အပြင် လည်ပင်းကိုပါ ညှစ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ Kevin ဟာ သူရဲ့ လူမဆန်တဲ့အပြုအမူကြောင့် မင်္ဂလာပွဲပြီးကတည်းက အခုအချိန်ထိ သမီးနဲ့ ဇနီးကို တွေ့ခွင့် မရသေးပါဘူး။ ၎င်းရဲ့ ရှေ့နေကလည်း ဒီကိစ္စဟာ သူမှာခံစားနေရတဲ့ စိတ်ဖိအားတွေကြောင့် ဖြစ်ခဲ့တာပါလို့ ကာကွယ်ပေးခဲ့ပါတယ်။
2013 ခုနှစ်ကတည်းက Kevin နဲ့ Melissa တို့ဟာ ချစ်သူတွေဘ၀ကို ရောက်ခဲ့ကြပြီး၊ သမီးလေးတစ်ယောက် ရခဲ့ပါတယ်။ လက်ထပ်ပွဲကို အခုမှ ကျင်းပတာဖြစ်ပေမယ့် မင်္ဂလာဦးညမှာ သတို့သားကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပါတယ်။ သတို့သားရဲ့ ရှေ့နေကတော့ အမူးလွန်ပြီး သတိလက်လွတ်ပြုမူမိတာမို့ ပြစ်ဒဏ်ကြီးကြီးမားမား မဆုံးဖြတ်ဖို့ လျှောက်လဲခဲ့ပါတယ်။

ဒေသတွင်းတရားရုံးမှ တရားသူကြီး Alan White က အလွန်ပြင်ထန်းတဲ့ အကြမ်းဖက်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။ Kevin ရဲ့ အပြစ်ဟာ အနည်းဆုံး ထောင်ဒဏ် 2 နှစ်အထိ ကျခံရနိုင်တဲ့ အမှုဖြစ်ပေမယ့် ယခင်က ရဲမှတ်တမ်းဆိုး မရှိခြင်းကိုလည်း တရားရုံးက ထည့်တွက်ခဲ့ပါတယ်။
ဒါကြောင့် Kevin ကို လူမှုရေးလုပ်ငန်း နာရီပေါင်း 100 လုပ်ဖို့ အာမခံစေပြီး၊ ဇနီးသည် Melissa ကိုလည်း နာကျင်မှုအ
တွက် ပေါင် 300 ပေးစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားသူကြီး White က ” လူတော်တော်များများ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ … ကိစ္စမရှိပါဘူး ထိုက်တန်တဲ့ ပြောင်းလဲမှုကတော့ ရောက်လာမှာပါဘဲ “လို့ မှတ်ချက်ချခဲ့ပါတယ်။

Credit:Shwemom

source : thesun.co.uk