အိမ်ထောင်သည်မျာ

အိမ်ထောင် ရေးပြဿနာများဆိုင်ရာ အကြံပေးပညာရှင်များနဲ့ ကျွမ်းကျင်ပညာရှင်တွေက မင်္ဂလာသက်တမ်း ပိုမိုကြာရှည်
စေဖို့ပဲဖြစ်ဖြစ်၊ လက်ထပ်မင်္ဂလာကို တစိမ့်စိမ့်ပြန်တွေးပြီး ကြည်နူးနှစ်သိမ့်စေဖို့အတွက် လက်ထပ်စာချုပ်ကို ဆယ်နှစ်လျှင် တစ်ကြိမ်ခန့် အသစ်ပြန်လုပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

စာရေးဆရာမ Emma Johnson က ဒီလို လက်ထပ်စာချုပ် ဆယ်နှစ်တစ်ခါ လုပ်ခြင်းဟာ ရေရှည်တည်မြဲတဲ့ ဇနီးမောင်နှံတွေကို ဖြစ်စေပြီး၊ ဆယ်နှစ်ပြည့်မင်္ဂလာအခမ်းအနား ကျင်းပခြင်း-စတဲ့အရာတွေကလည်း ကောင်းတဲ့အချက်တွေဆိုပေမယ့် ငွေကုန်ကြေးကျများတယ်လို့ ထောက်ပြခဲ့ပါတယ်။

အိမ်ထောင်သည်မျာ
လက်ထပ်စာချုပ် အသစ်လုပ်ခြင်းဟာ ကျန်ရှိတဲ့ ဘ၀အသစ်တစ်ခုအတွက် ခွန်အားတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ရည်မှန်း
ချက်အသစ်တွေအတွက် လှပတဲ့ခြေလှမ်းတစ်ခု စတင်ရာလို့လည်း Emma က ထောက်ခံခဲ့ပါတယ်။ စစ်တမ်းအရလည်း ဒီလို လုပ်ဖို့ဆန္ဒမရှိတဲ့သူတွေရဲ့ အိမ်ထောင်ရေးဟာ နှစ်ကာလ ကြာလာတာနဲ့အမျှ ဟောင်းသထက် ဟောင်းလာတယ်လို့ ခံစားရစေကြောင်း သိရပါတယ်။

လင်နဲ့မယားဟာ အမြဲတမ်း ပျော်ရွှင်စရာတွေကို အတူဖန်တီးတတ်ဖို့ လိုအပ်ပြီး၊ ဒီလို ပျော်စရာတွေကို ဖန်တီးခြင်းထဲမှာ လက်ထပ်စာချုပ် အသစ်ပြုလုပ်ခြင်းဟာ နှစ်ယောက်စလုံး မက်မောတဲ့ ပျော်ရွှင်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ ရကြောင်း၊ အတူတူ ပျော်ရွှင်မှုကို ခံစားကြတဲ့သူတိုင်း ရေရှည်ပေါင်းသင်းဆက်ဆံသွားကြသည်မှာ သာဓကဖြစ်ကြောင်း Emma က ရှင်းပြပါတယ်။

source : thesun.co.uk
Credit:Shwemom