မုန့်ဖတ်ထုပ်ပိုက်ဆံအိတ်
ဖက်ရှင် ဒီဇိုင်နာတွေဟာ အာရှရဲ့ အခြေခံပစ္စည်းတွေကို အဆင့်မြင့်ဖက်ရှင်အဖြစ် ဒီဇိုင်း ထုတ်ကြည့်ကြဖို့ အတော်ပင် အာရုံရကြဟန် တူပါတယ်။ ယခင်တစ်ခါကလည်း ခြေသုတ်ခုံပုံစံ လက်ကိုင်အိတ်တစ်ခုကို ဒီဇိုင်းထုတ်ခဲ့ဖူးသလို ယခုအခါမှာလဲ ငှက်ပျောရွက်နဲ့ လုပ်ထားတဲ့ မုန့်ဖက်ထုပ်သဏ္ဍာန် ပိုက်ဆံအိတ် လာပြန်ပါပြီ။ အဆိုပါဒီဇိုင်းကိုတော့ အသက် ၆၄ နှစ်အရွယ် ပြင်သစ်ဒီဇိုင်နာတစ်ဦးဖြစ်သူ Jean Paul က တီထွင်ဖန်တီးခဲ့တာပါ။
ငှက်ပျောရွက်ဟာ အာရှမှာတော့ မုန့်ထုပ်တဲ့ ဖက်ရွက်အဖြစ် ပေါပေါလောလော အသုံးပြုကြပေမယ့် ယခုလို နာမည်ကြီးဒီဇိုင်နာရဲ့ ဖက်ရှင်ပစ္စည်းတစ်ခု ဖြစ်လာတဲ့အခါမှာတော့ ငှက်ပျောရွက်ကို ဈေးကြီးပေးပြီး ၀ယ်ယူရတော့မှာပါ။ အာရှရဲ့ အခြေခံ လူသုံးကုန် ပစ္စည်းတွေကို မျက်စိကျနေတဲ့ အနောက်တိုင်း ဒီဇိုင်နာတွေဆီက နောက်ထပ် ဘယ်လိုတီထွင်မှုတွေ မြင်တွေ့ရဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Credit:MOMOLAY