Elora Harre
အသက် 23 နှစ်အရွယ် Elora Harre အမည်ရတဲ့ အမျိုးသမီးဟာ လက်ရှိခန္ဓာကိုယ်အလေးချိန်ကနေ 8 စတုံ (112ပေါင်)အထိ လျှော့ချနိုင်ခဲ့ပြီးနောက်မှာတော့ အဆီချနည်း စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပါတယ်။ Elora ဟာ ယခင်က Size 24 အ၀တ်အစားတွေကို ၀တ်ဆင်ခဲ့ရပြီး Fast Food တွေကို အလွန်နှစ်ခြိုက်ခဲ့ပါတယ်။
သူမဟာ နေ့စဉ် ပီဇာ၊ ဘာဂါနဲ့ အသားအကင်မျိုးစုံကိုသာ လှည့်ပတ်စားသောက်ခဲ့ပြီး၊ နောက်ဆုံးမှာ ဒီအစားအစာတွေ
ကြောင့် သူမဟာ ဆီးချိုရောဂါကို ခံစားခဲ့ရတယ်ဆိုတာ ရိပ်မိခဲ့ပြီး၊ အဲဒီအစားအသောက်တွေကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့ပါ
တယ်။Elora Harre

Elora ရဲ့ ဆုံးဖြတ်ချက် အောင်မြင်ခဲ့ပြီး၊ သူမမှာ အင်တာနက် ပရိသတ်ထောင်ချီရရှိလာခဲ့သလို 98 ပေါင်အထိ ကျဆင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ အဆီချနည်း စာအုပ်ကို စတင်ရေးသားခဲ့ပြီး၊ 112 ပေါင် အကျမှာတော့ သူမရေးသားထားတဲ့ The Shrinking Violet – How to Lose Weight and Get Fit the Paleo Way အမည်ရ စာအုပ်ကို အပြီးသတ်နိုင်ခဲ့ပါတယ်။
Elora က ” ကျွန်မက ဘ၀တစ်လျှောက်လုံး ကလေးအကြီးစားတစ်ယောက်အဖြစ် ကြီးပြင်းခဲ့ရပါတယ် … အစားအ
သောက်ဆိုလည်း တကယ့် Processed food တွေမှ စားဖြစ်ခဲ့တာပါ … အသက် 18 နှစ်ရောက်တော့ Fast Food တွေကို ပြောင်းပြီး စားခဲ့တယ် … နောက် ဆီးချိုရောဂါနဲ့ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာတွေ ခံစားရပါများလာတော့ ကိုယ့်ကျန်းမာရေးကို ကိုယ်ပြင်ရမယ်လို့ တွေးခဲ့ပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။

Elora Harre
သူမက ဆက်လက်ပြီး ” အဲဒီ မကျန်းမာစေတဲ့ အစာအစာတွေ ရှောင်လိုက်တော့ ပထမနှစ်မှာတင် 40 ကီလို ကျသွား
တယ် … နောက်နှစ်မှာ 15 ကီလိုကျသွားတယ် .. ကျွန်မက ကျန်းမာပြီး သန့်ရှင်းလက်ဆက်တဲ့ အစားအစာတွေပဲ စားဖြစ်တော့တယ် … အထူးသဖြင့် … အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေပေါ့ “လို့ ပြောပါတယ်။
ယခုအခါမှာတော့ နယူးဇီလန်နိုင်ငံ Christchurch မှာ နေထိုင်တဲ့ Elora ဟာ Size 12 အရွယ်အစား အ၀တ်အစားများကိုသာ ၀တ်ဆင်ရတော့ပြီး၊ ယမန်နှစ်က ပိုနေတဲ့ အသားရေတွေကို ဖယ်ထုတ်ဖို့အတွက် ပေါင် 6000 အကုန်အကျခံကာ အရေပြား ဖယ်ရှာခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။

source : thesun.co.uk

Credit:Shwemom