ချစ်သူ နှစ်ဦးရဲ့ အကွာအဝေးက မိုင်တွေထောင်ချီ ဝေးကွာမှုကို ဆိုလိုတာ မဟုတ်ဘူး။ သူတို့ နှစ်ဦးရဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် လွမ်းသလဲ၊ ဘယ်လောက် သတိရသလဲ၊ ဘယ်လောက် သစ္စာရှိသလဲကို ဆိုလိုတာ။ နေရာ ဒေသ ဝေးကွာမှုတွေကို အတိုင်းအတာနဲ့ ဆိုရင် တိုင်းတာလို့ ရပေမယ့် ဘယ်လောက် လွမ်းသလဲဆိုတာကို တိုင်းတာလို့တော့ မရပါဘူး။

ဒါကြောင့် ချစ်သူ နှစ်ဦးအကြား ဝေးကွာမှုတွေကို ခဏ မေ့ထားပေးပါ။ သစ္စာရှိမှုတွေကို ရှေ့မှာ ပိုက်ပြီး ဘဝကို ရှေ့ဆက်တဲ့အခါ ပြန်ဆုံမယ့်ရက်က အနီးလေးမှာသာ ရှိနေပါလိမ့်ယ်။ အဲဒီလို မဟုတ်ဘဲ အတိုင်းအတာ သတ်မှတ်ချက် ဝေးကွာမူတွေကို ရှေ့တန်းတင်မယ်ဆိုရင် အလာကောင်းပေမယ့် အခါနှောင်းပြီး တော့ အရာရာ အကောင်းအတိုင်း မဟုတ်တော့ပါဘူး။

တစ်ယောက်ကို တစ်ယောက် ယုံကြည်မူတွေလည်း ရှိပါစေ။ သံသယ စိတ်တွေကို တတ်နိုင်သမျှ မတွေးပါနဲ့။ မိမိမှာရှိတဲ့ ပြဿနာ သူ့မှာ ရှိတဲ့ ပြဿနာကို အတူတကွ ရင်ဆိုင် ဖြေရှင်းကြည့်ပါ။ တစ်ယောက် အခက်အခဲကို တစ်ယောက်က ကူညီလို့ နှစ်ယောက်အတူ ပြန်ဆုံမယ့် ရက်တွေကို လက်ချိုးလိုက်မယ်ဆိုရင် ချစ်သူ နှစ်ဦးရဲ့ အကွာအဝေးက ဘေးနားလေးမှာသာ ရှိနေတယ် ဆိုတာ ယုံကြည်လိုက်ပါ။


ကျော်လင်းနိုင် (ရိုးရာလေး)