ကမ်းဘရစ်ခ်ျတက္ကသိုလ်က ထုတ်ဝေလိုက်တဲ့ အက်စသီချော့ဆိုတဲ့ ချောကလက်ဟာ ကမ္ဘာပေါ်မှာ ပထမ ဆုံးထုတ်ဝေလိုက်တဲ့ အလှအပရေးရာ အထောက်အကူပြု ချောကလက်ပဲ ဖြစ်ပါတယ်။ အဲဒီအနက်ရောင်
ချောကလက်မှာ ဆဲလ်တွေကို သေဆုံးစေနိုင်တဲ့ ဓါတ်တွေ မဖြစ်အောင် ကာကွယ် ပေးတဲ့ ကိုကိုအာ ဓါတ် ၇၀ ရာခိုင်နူန်း ပါရှိပြီး အရေပြားမှာ ဖြစ်တတ်တဲ့ အရေးအကြောင်းကို အဆင့် နှစ်ဆင့်နဲ့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အက်စသီချော့ ချောကလက် ၇.၅ ဂရမ်မှာ ပါဝင်တဲ့ ကိုကိုအာ အချိုးအစားဟာ အက်စသီချော့ချောကလက် ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အချိုးအစား နဲ့အတူပဲ ဖြစ်ပါတယ်။ ဒီဓါတ်တွေကြောင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အသားအရည်ကို ပိုမိုကျန်းမာစေသလို နုပျိုလာစေမှာလည်း ဖြစ်ပါတယ်။

အသက် ၅၀ နဲ့ ၆၀ အရွယ်လူကြီးတွေကို ဒီချောကလက် သုံးလေးပတ်လောက် စားစေခဲ့ရာမှာ သွေးထဲမှာ ဖြစ်တတ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အဆီတက်မှုအပြင် အသားအရည်ကို ကျန်း မာစေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကျရောဂါကို ကာ ကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီချောကလက်ကို တီထွင်ခဲ့တဲ့ ဒေါက်တာ အိုင်ဗင်ပက်ရီကတော့ ကမ်း ဘရစ်တက္ကသိုလ်က ဒီလိုထုတ်လုပ်လုပ်နိုင်ဖို့ အတွက် နှစ်အတော်ကြာ အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါက်တာအိုင်ဗင်မှာ လိင်ဆက်ဆံရင်း ကူးစက်တဲ့ရောဂါတွေအတွက် ပြင်သစ်ချိစ်က သင့်တော်တယ်လို့ ထူးထူးဆန်းဆန်း မှတ်ချက်ချဖူးသူ လည်း ဖြစ်ပါတယ်။

အက်စသီချော့ချောကလက်ရဲ့ အားသာချက်ကတော့ တခြားချောကလက်တွေနဲ့ မတူဘဲ ကယ်လိုရီ ၃၈ ရာခိုင်နူန်းပဲ ပါရှိတာ ဖြစ်ပါတယ်။ ဒီချောကလက်ကို လာမည့်လမှာ ယူကေမှာ စတင်ဖြန့်ချိမယ့် အပြင် တခြားဥရောပနိုင်ငံတွေမှာလည်း ရောင်းချသွားမယ်လို့ ဒေါက်တာ အိုင်ဗင်က ဆိုပါတယ်။

Planet