မုံရွာမြို့ မွေးမြူရေးဇုန် တွင် ဖြစ်ပွားနေသော လူကိုကူး စက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါကို ထိန်း ချုပ်နိုင်ရန် ပြည်ထောင်စုအဆင့်သတ်မှတ် ဆောင်ရွက်နေပြီး နိုင်ငံတော် သမ္မတရုံးသို့ပါ တင်ပြထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မွေးမြူရေးဇုန်တွင် သေဆုံး ခဲ့သည့် ငုံးနှင့် ဥစားကြက်များ၏ အသားစများကို ရန်ကုန်နှင့် မန္တလေးရှိ ဓာတ်ခွဲခန်းများ၌ စစ်ဆေးရာမှ လူကိုကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1)ဖြစ်ကြောင်း နေပြည်တော် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (တိ/မွေး/ကု) ညွှန်ကြားရေး မှူး ဒေါက်တာကျော်နိုင်ဦးက ဖေဖော်ဝါရီ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။

‘‘မုံရွာကိုအထူးအဖွဲ့ ခုနစ် ယောက်သွားနေပြီ။ နောက်နှစ်ရက်နေရင် ကိုယ်တိုင်သွားမယ်။ နောက်ထပ်ညွှန် ချုပ်သွားမယ်။ အဆင့်မြင့် အရာရှိကြီးတွေသွား မယ်။ ဝန်ကြီးရုံးက တစ်ဆင့် သမ္မတရုံးအထိ အဆင့်ဆင့် တင် ပြပြီး ဝိုင်းဝန်းဆောင်ရွက်ဖို့ လုပ် နေတယ်’’ဟု ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်နိုင်ဦးက ပြော ကြား သည်။

မုံရွာမြို့ မွေးမြူရေးဇုန်ရှိ ဥစားကြက်နှင့် ငုံးများ ကြက်ငှက် တုပ်ကွေးရောဂါကြောင့် သေဆုံး သော်လည်း ရန်ကုန်ရှိ ကြက်ဥ ဈေးကွက်သို့ တင်ပို့မှုမရှိသဖြင့် ကြက်ဥဈေးကွက်ကို မထိခိုက်နိုင် ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဒေါက် တာလှလှသိန်းက ပြောသည်။

‘‘မုံရွာနဲ့ ရန်ကုန်က ကြက်ဥ ကူးသန်းရောင်းဝယ်မှု မရှိတဲ့ အတွက် ရန်ကုန်ဈေးကွက်ကို မထိခိုက်နိုင်ဘူး။ မွေးမြူရေးဇုန်ထဲမှာဖြစ်တဲ့အတွက်လည်း ရှင်းလင်းရလွယ်ကူတယ်။ ကျန်တဲ့ ဒေသတွေကတော့ ဇီဝလုံခြုံရေး မြှင့်ထားတာတော့ မဖြစ်မနေလုပ်ရမယ်’’ဟု ဒေါက်တာ လှလှသိန်း က ပြောသည်။

ဇီဝလုံခြုံရေးကိုမြှင့်တင်ရာ တွင် ရောဂါဖြစ်နေသော ကြက်ခြံ များသို့ ကြက်ခြံလုပ်သားများသွား လာမှုမပြုဘဲ ကိုယ်လက်သန့်စင်မှု ကို ဦးစားပေးကာ ရောဂါဖြစ်ပေါ် စေမည့် အခြားငှက်ရိုင်းများမဝင် စေရေး ပိုက်ကွန် များကာခြင်းနှင့် ဆေးဖျန်းခြင်းများဆောင်ရွက်ရန် တိမွေးကုဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအ ဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလလယ်မှစတင် ကာ မုံရွာမွေးမြူရေးဇုန်၌ ဥစား ကြက်နှင့်ငုံးများ ထောင်နှင့်ချီကာ သေဆုံးနေ
ခြင်းကို သက်ဆိုင်ရာ သို့ အသိမပေးသည့်အပြင် ငှက် ရိုင်းများ မဝင်စေရေး ပိုက်ကွန် အုပ်ရန် ညွှန်ကြား ချက်ကိုလည်း လုပ်ငန်းရှင်များက လိုက်နာ ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း ဒေါက်တာ ကျော်နိုင်ဦးက ပြော သည်။

ရောဂါမကူးစက်နိုင်ရန် အကာအကွယ်ဝတ်စုံ ၃၀၀ ပေးပို့ကာ ငုံးနှင့်ကြက်များရှင်းလင်းနေပြီး ရောဂါပြန့် ပွားမှုအမြန်ဆုံးရပ်တန့်သွားရန် တိမွေးကုဦးစီးဌာနနှင့် မုံရွာမွေးမြူရေးဇုန်ကော်မတီဝင်များ ပူးပေါင်းဆောင် ရွက်နေကြောင်း သတင်းရရှိသည်။

သန်းဌေး | 7Day