ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ဆေးဆိုင်များအား ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးရောင်းချ ရန် ခေါ် ယူဆွေးနွေးသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ သတင်းရရှိ သည်။

လက်ရှိတွင် ကချင်နှင့် ရှမ်း ပြည်နယ်တို့ရှိ ဆေးဆိုင်များအား ဆွေးနွေးအသိပညာပေးလျက်ရှိ ပြီး လာမည့် ၂၀၁၅ ဇန်နဝါရီမှ စ၍ တစ်နိုင်ငံလုံးရှိဆေးဆိုင်များ ကို ခေါ်ယူဆွေးနွေးအသိပညာ ပေးသွားမည်ဖြစ်သည်။

‘‘နောက်နှစ် ဇန်နဝါရီလောက် ကို ပြည်နယ်နဲ့တိုင်းအကုန်လုံးကို ဆွဲထားတယ်။ အဓိက,ကတော့ ငှက်ဖျား
ရောဂါ ဆေးဆိုရင် သောက်ဆေးတွေမသုံးရတာမျိုး တွေပေါ့။ လက်ရှိမှာ ငှက်ဖျား ဆေးက ACC လို့ခေါ်တဲ့
ဆေး ပေါင်းပဲသုံးရတော့တာလေ။ အဲဒါ မျိုးတွေ ဈေးကွက်မှာ ရုပ်သိမ်းဖို့ အတွက် ဆေးဆိုင်တွေကို ခေါ်ယူ အသိပေးသွားမှာပါ’’ဟု FDA ဆေးဝါးကွပ်ကဲရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်ကဆိုသည်။

ယခု ဆေးဈေးကွက် အ တွင်းသက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်း၊ တရားမဝင်ဆေးဝါးများနှင့် ခွင့်ပြုချက်မဲ့ဆေးဝါးများ ရောင်းချခြင်းများကို တွေ့ရှိနေရသောကြောင့် ယခုကဲ့သို့ ဆေးဆိုင်များအား
ခေါ်ယူအသိပေးဆွေးနွေးခြင်းဖြစ်သည်။

‘‘တချို့ ဆေးဆိုင်တွေမှာ သက်တမ်းကုန်တဲ့ဆေးဝါးတွေ ဒီ အတိုင်းထားတာတွေ့တယ်။ သူ တို့ကတော့ မရောင်းပါဘူးပြောတာ ပေါ့။ တချို့ဆို မှတ်ပုံမတင်ထား တဲ့ဆေးတွေ၊ တချို့ဆေးဆိုင်တွေ ဆို လိုင်စင်
တောင်မလုပ်ရသေး တာတွေရှိတယ်’’ဟု ဒေါက်တာ သိင်္ဂီဇင်က ဆက်လက်ပြောကြား သည်။

ယင်းကဲ့သို့ ဆေးဆိုင်များအားခေါ်ယူအသိပေးဆွေးနွေးပြီး မလိုက်နာလျှင် ဆေးရောင်းချခွင့် လိုင်စင်ပိတ် သိမ်းခြင်းနှင့် အမျိုး သားဆေးဝါးဥပဒေပုဒ်မ ၁၈ အရအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန် မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က သတင်းထုတ်ပြန်ထားသည်။

ယမင်း | 7day